Daisy-hananoko - HANA

daisy-hananoko - HANA
daisy-hananoko - HANA
daisy-hananoko - HANA
daisy-hananoko - HANA

More Posts from Daisy-hananoko and Others

2 years ago
The Dreamers (2003)

The Dreamers (2003)

2 years ago
Heart Imagery By Andrea Zantelli
Heart Imagery By Andrea Zantelli
Heart Imagery By Andrea Zantelli
Heart Imagery By Andrea Zantelli
Heart Imagery By Andrea Zantelli
Heart Imagery By Andrea Zantelli
Heart Imagery By Andrea Zantelli
Heart Imagery By Andrea Zantelli
Heart Imagery By Andrea Zantelli

Heart imagery by Andrea Zantelli

10 months ago

Tags
2 years ago
2021-07-25
2021-07-25
2021-07-25
2021-07-25
2021-07-25
2021-07-25
2021-07-25
2021-07-25
2021-07-25
2021-07-25

2021-07-25

Canon EOS R6 + RF50mm f1.2L

Instagram  |  hwantastic79vivid

1 year ago
Flowering Dogwood.
Flowering Dogwood.
Flowering Dogwood.

Flowering dogwood.

Tokyo, Japan.

1 year ago
「 Ephemeral Flowers Are So Gentle. 」
「 Ephemeral Flowers Are So Gentle. 」
「 Ephemeral Flowers Are So Gentle. 」
「 Ephemeral Flowers Are So Gentle. 」
「 Ephemeral Flowers Are So Gentle. 」
「 Ephemeral Flowers Are So Gentle. 」
「 Ephemeral Flowers Are So Gentle. 」
「 Ephemeral Flowers Are So Gentle. 」
「 Ephemeral Flowers Are So Gentle. 」
「 Ephemeral Flowers Are So Gentle. 」

「 Ephemeral flowers are so gentle. 」

2 years ago

၁၂ ရာသီခွင်ထဲမှ ဂရိနတ်ဘုရားများ

၁၂ ရာသီခွင်ထဲမှ ဂရိနတ်ဘုရားများ

ဂရိနတ်ဘုရားများရဲ့ ဒဏ္ဍာရီတွေဟာ စာပေ၊ ဂီတနဲ့ အနုပညာရပ်တွေအပေါ်မှာ အတော်လေးကို လွှမ်းမိုးခဲ့တယ်လို့ ဆိုရပါမယ်။ ဂရိစာဆိုတော်ကြီး ဟိုးမားရဲ့ အိလိယက်နဲ့ အိုဒက်ဆီ ကဗျာရှည်ကြီးထဲက ဂရိနတ်ဘုရားတွေရဲ့ ထူးခြားလှတဲ့ တန်ခိုးစွမ်းရည်တွေဟာ လူသားတွေအတွက် စိတ်ကူးယဉ်ချင်စရာပါပဲ။

ဂရိနတ်ဘုရားဒဏ္ဍာရီတွေကိုအခြေခံဖန်တီးထားတဲ့ ပါဆီဂျက်ဆင် ရုပ်ရှင်ဇာတ်လမ်းတွဲတွေဟာ မူရင်းဂရိဒဏ္ဍာရီတွေနဲ့ ကွဲလွဲမှုရှိနေပေမယ့် လူအများက စိတ်ဝင်စားမှုခဲ့ကြပြီး အောင်မြင်မှုများလည်း ရရှိခဲ့ကြပါတယ်။ ဂရိနတ်ဘုရားဒဏ္ဍာရီတွေထဲက ခရက်ကန်လို ကြောက်စရာ ရေသတ္တဝါကြီးဟာလည်း အောင်မြင်ကျော်ကြားခဲ့တဲ့ ကပ္ပတိန်ဂျက်စပဲရိုးရဲ့ ဇာတ်လမ်းတွေထဲမှာ ဇာတ်ကောင်အဖြစ် ပါဝင်နေသလို ရေလူသား Aquar Man ဇာတ်လမ်းထဲမှာလည်း ပါဝင်လာပါတယ်။ မြွေမိစ္ဆာ မက်ဒူဆာဆိုရင်လည်း ဂရိဒဏ္ဍာရီခြေခံတဲ့ ဇာတ်ကားတိုင်းမှာလိုလို ပါဝင်တဲ့အတွက် လူသိများလှပါတယ်။ Matrix ဇာတ်လမ်းတွဲထဲက မင်းသမီးလေး ထရီနတီအပါအဝင် လူအမည်နဲ့ ပစ္စည်းအတော်များများရဲ့ အမည်တွေဟာလည်း ဂရိနတ်ဘုရားဒဏ္ဍာရီတွေထဲက အမည်တွေပါပဲ။

ဂရိနတ်ဘုရားတွေဟာ အနုပညာရှင်တွေရဲ့ စိတ်ကို လွှမ်းမိုးထားနိုင်ရုံမကပဲ သိပ္ပံပညာရှင်တွေရဲ့ စိတ်ထဲမှာပါ ရှိနေတယ်ဆိုရင် အံ့သြသွားမှာပါ။ နမူနာအနေနဲ့ ပြောရပြရမယ်ဆိုရင်တော့ လပေါ်ကို လွှတ်တင်ခဲ့တဲ့ ဒုံးပျံရဲ့ အမည် အပိုလို ဆိုတာ ဂရိနေနတ်ဘုရားရဲ့ အမည်ပါ။ ရေနဲ့ပတ်သက်လာရင်လည်း သမုဒ္ဒရာနတ်ဘုရား ပိုဆိုက်ဒွန်ရဲ့အမည် မှည့်ခေါ်ထားတဲ့ ပစ္စည်းနဲ့ ယာဉ်တွေ ရှိနေပါသေးတယ်။

ဒါ့အပြင် နာမည်ကျော် ဂရိနတ်ဘုရားတွေရဲ့ အမည်ဟာ ဗေဒင်ပညာရဲ့ ၁၂ ရာသီခွင် (Zodiac) မှာလည်းရှိနေပါတယ်။ အရှေ့တိုင်းရဲ့ မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်လို့ သိကြတဲ့ ၁၂ ရာသီခွင် မှာ သူ့ရဲ့ရာသီခွင်အလိုက် သင်္ကေတပုံတွေရှိကြပါတယ်။ ဥပမာ သိဟ်ရာသီဆိုရင် ခြင်္သေ့ပုံ၊ ဗြိစ္ဆရာသီဆိုရင် ငါးပုံ၊ ဓနုရာသီဆိုရင် လေးမြားကိုင်ထားတဲ့ လူတစ်ပိုင်းမြင်းတစ်ပိုင်းပုံ တွေပါ။ အနောက်တိုင်းဗေဒင်ပညာရဲ့ ၁၂ ရာသီခွင် မှာလည်း ရာသီခွင်အလိုက် သင်္ကေတပုံတွေရှိကြပြီး အဲဒီရာသီခွင်ရဲ့ ထူးခြားမှုနဲ့ စွမ်းရည်တွေကို အလွယ်တကူ သိရှိနိုင်ဖို့ ဂရိနတ်ဘုရားတွေရဲ့ အမည်နဲ့ ရည်ညွှန်းဖေါ်ပြခဲ့ပါတယ်။

ဂရိနက္ခတ်ပညာရှင်တွေဟာ ကောင်းကင်ထဲက ဂြိုဟ်နဲ့ ကြယ်တာရာတွေကို ကြည့်ရှုရင်း သူတို့ရဲ့ ဖြစ်တည်မှုတွေကို ရှင်းပြနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဂြိုဟ်နဲ့ ကြယ်တာရာတွေ သွားလာမှုကို တွက်ချက်တဲ့ နက္ခတ်ပညာနဲ့ နက္ခတ်ဗေဒင်ပညာဟာ မက်ဒီတာရေးနီးယန်း (Mediterranean) မှာ စတင်ထွန်းကားခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ခေတ် နက္ခတ်ဗေဒင်ပညာမှာ အသုံးပြုနေတဲ့ ၁၂ ရာသီခွင်ကိုတော့ အီဂျစ် (Egyptian)၊ ဘေဘီလုံ (Babylonian) နဲ့ ဂရိ (Greek) လူမျိုးတွေက စတင်ဖန်တီးခဲ့ကြပါတယ်။ အဲဒီ ၁၂ ရာသီခွင်ဟာ နေ (Sun)၊ လ (Moon)နဲ့ ဂြိုဟ် (Planets) တွေရဲ့ တည်နေရာနဲ့ ရွေ့လျားမှုတို့ကို ဖေါ်ပြထားတာ ဖြစ်ပါတယ်။

ဂရိကဗျာဆရာတွေနဲ့ ဂရိနက္ခတ်ပညာရှင်တွေဟာ ဂြိုဟ်နဲ့ ကြယ်တာရာတွေကို ဂရိနတ်ဘုရားဒဏ္ဍာရီတွေနဲ့ ဆက်စပ်ပြီး ၁၂ ရာသီခွင်ရဲ့ သင်္ကေတရုပ်ပုံတွေအဖြစ် ပုံဖေါ်ခဲ့ကြပါတယ်။ ဂရိနတ်ဘုရားဒဏ္ဍာရီတွေနဲ့ ဆက်စပ်ပြီး ရေးသားခဲ့တဲ့ ကျမ်းစာကတော့ ဂရိနက္ခတ်ပညာရှင်ကြီး Ptolemy ရဲ့ Tetrabiblos ဆိုတဲ့ နက္ခတ်ဗေဒကျမ်း ဖြစ်ပါတယ်။ ယနေ့ခေတ်အသုံးပြုနေကြတဲ့ နက္ခတ်ဗေဒပညာရပ်ဟာ အဲဒီကျမ်းစာထဲမှာပါတဲ့ နက္ခတ်ပညာနဲ့ ၁၂ ရာသီခွင်ကို အခြေခံပြီး ဖြစ်ပေါ်လာခဲ့တာလို့လည်း ဆိုကြပါတယ်။ အဲဒီနောက်မှာတော့ ဂရိနက္ခတ်ပညာရှင် Hipparchus ဟာ နေ့နဲ့ည အချိန်တူညီမှု (equinox) ကိုတွေ့ရှိခဲ့ပြီး ကိုသြဒိနိတ်စနစ်ကို ထည့်သွင်းခဲ့တဲ့အတွက် ယနေ့ခေတ် နက္ခတ်ပညာရှင်တွေအသုံးပြုနေကြတဲ့ နက္ခတ်ဗေဒပညာရပ် ပေါ်ထွန်းလာခဲ့ပါတယ်။

(၁) Aries (Mar21-Apr20)

၁၂ ရာသီခွင်မှာ ပထမဆုံး တည်ရှိနေတဲ့ ရာသီကတော့ Aries ဖြစ်ပါတယ်။ Aries ရာသီခွင်ကို ပိုင်စိုးတဲ့ ဂရိနတ်ဘုရားကတော့ စစ်နတ်ဘုရား အေရီးစ် (Ares) ပါ။ စစ်နတ်ဘုရား အေရီးစ်ဟာ မီးတောက်လိုပြင်းထန်တဲ့ စွမ်းအင်တွေပိုင်ဆိုင်ပြီး ယှဉ်ပြိုင်လိုစိတ်လည်း ကြီးမားတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် Aries ရာသီခွင်မှာ မွေးတဲ့သူတွေဟာ ခေါင်းဆောင်လိုစိတ်ကြီးမားသူတွေ၊ မိမိက ဦးဆောင်နေရမှသာ ပျော်ရွှင်တတ်သူတွေ ဖြစ်ကြပါတယ်။ မိတ်ဆွေသူငယ်ချင်းနည်းပါးပြီး ခင်မင်မိတဲ့ မိတ်ဆွေတွေကိုလည်း လူရင်းလို သဘောထားတတ်ကြပါတယ်။ Aries ရာသီဖွားတွေဟာ စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်ပေမယ့် သစ္စာရှိသူ၊ သူတပါးကို ဂရုစိုက်တတ်သူတွေပါ။ သူတို့ဟာ ချစ်ခြင်းမေတ္တာအတွက်လည်း အမြဲတိုက်ခိုက်နေရတတ်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာလည်း Aries ရာသီဖွားတွေရဲ့ စရိုက်လက္ခဏာတွေပဲ ဖြစ်ပါတယ်။

(၂) Taurus (Apr21-May21)

Taurus ကတော့ ၁၂ရာသီခွင်ရဲ့ ဒုတိယမြောက် ရာသီခွင်ဖြစ်ပါတယ်။ Taurus ရာသီခွင်ကို ပိုင်စိုးတဲ့ ဂရိနတ်ဘုရားကတော့ ကောက်ပဲသီးနှံ နတ်ဒေဝီ ဒီမီတာ (Demeter) ဖြစ်ပါတယ်။ နတ်ဒေဝီ ဒီမီတာဟာ လူသားတွေကို စိုက်ပျိုးရေးပညာ သင်ကြားပေးသလို ကောက်ပဲသီးနှံတွေကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် စောင့်ရှောက်ပေးပါတယ်။ ဒါကြောင့် Taurus ရာသီခွင်မှာ မွေးဖွားသူတွေဟာ ပြည့်ဝတဲ့ ထောက်ပံ့မှုတွေ၊ အကူအညီတွေ ရရှိသလို ပြင်းထန်တဲ့အလုပ်တွေကို လုပ်ကိုင်နိုင်ပြီး ကျွမ်းကျင်မှုလည်း ရှိကြပါတယ်။ အပြစ်ရှာတတ်တာ၊ အပြစ်မြင်တတ်တာ၊ ဆန္ဒစောတာ၊ စိုးရိမ်လွန်တာ၊ အမှတ်သည်းခြေကြီးတာတွေဟာလည်း Taurus ရာသီဖွားတွေရဲ့ စရိုက်လက္ခဏာတွေပါ။

(၃) Gemini (May22-June21)

၁၂ ရာသီခွင်ရဲ့ တတိယမြောက် ရာသီခွင်ကတော့ Gemini ဖြစ်ပါတယ်။ နိမိတ်ပုံအဖြစ် ညွှန်းဆိုကြတဲ့ ဂရိနတ်ဘုရားကတော့ ခြေမြန်တော်နတ်ဘုရား ဟားမီးစ် (Hermes) ဖြစ်ပါတယ်။ နတ်ဘုရား ဟားမီးစ်ဟာ ဇူးစ်နတ်ဘုရားအတွက် သတင်းပို့ပေးရတဲ့သူဖြစ်သလို သေဆုံးသွားသူတွေရဲ့ ဝိညာဉ်ကို မြေအောက်ကမ္ဘာရောက်အောင် လမ်းပြ ပို့ဆောင်ပေးရသူလည်းဖြစ်ပါတယ်။

Gemini ရာသီဖွားတွေဟာ စကားပြောကောင်းတယ်၊ ပါးနပ်တယ်၊ ထောက်ပံ့ပေးမယ့်သူပေါများတယ်၊ နှစ်သက်ဖို့ကောင်းတယ်၊ စွယ်စုံရသူတွေဖြစ်ပါတယ်။ တစ်ဖက်ကကြည့်ရင်တော့ ဟိုတစ်မျိုး ဒီတစ်မျိုး ပြောတတ်သူ၊ ဂနာမငြိမ်သူ တွေလို့လည်း ပြောလို့ရပါတယ်။ သူတို့ဟာ ဗဟုသုတကို အငမ်းမရ ရှာဖွေတတ်ကြသလို ထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေကိုလည်း ဖန်တီးတတ်ပါတယ်။ တစ်ခါတစ်ခါမှာတော့ စကားပြောကောင်းတဲ့သူအဖြစ်သာမက လောကြောရှည်တတ်သူအဖြစ်ပါ ပြောင်းလဲသွားတတ်ပါသေးတယ်။

(၄) Cancer (June22-Jul23)

စတုတ္ထမြောက် ရာသီခွင်ကတော့ Cancer ဖြစ်ပါတယ်။ Cancer ရာသီခွင်ကို ပိုင်စိုးတဲ့ ဂရိနတ်ဘုရားကတော့ နတ်ဘုရားတို့ရဲ့ ဘုရင်မ ဟီရာ (Hera) ဖြစ်ပါတယ်။ နတ်ဒေဝီ ဟီရာကို လက်ထပ်ထိမ်းမြားမှုနဲ့ မွေးဖွားခြင်း နတ်ဒေဝီလို့ လူသိများပါတယ်။ ဒါ့အပြင် တရားမျှတမှုနဲ့ ဆက်ဆံရေးကိုလည်း ကိုယ်စားပြုပါသေးတယ်။ မနာလိုတတ်တဲ့ ဇနီးဖြစ်ပြီး ခင်ပွန်းသည် ဇူးစ်နတ်ဘုရားနဲ့ မကြာခဏ အချင်းများတတ်ကြပါတယ်။ Cancer ရာသီဖွားတွေဟာ အလွန်ဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။

(၅) Leo (July24-Aug23)

၁၂ ရာသီခွင်ရဲ့ ပဉ္စမမြောက် ရာသီခွင်ကတော့ Leo ဖြစ်ပါတယ်။ Leo ရာသီခွင်ကို ပိုင်ဆိုင်တဲ့ နတ်ဘုရားကတော့ နေနတ်ဘုရား အပိုလို (Apollo) ဖြစ်ပါတယ်။ နေနတ်ဘုရား အပိုလိုဟာ အနုပညာ၊ လေးမြားအတတ်၊ ရှေ့ဖြစ်ဟောခြင်း၊ ဆေးပညာ တွေကို တတ်မြောက်ပါတယ်။ Leo ရာသီခွင်အတွက်ကတော့ နွေးထွေးခြင်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်းတို့နဲ့သာ ဆက်စပ်ပုံဖော်ကြပါတယ်။ Leo ရာသီဖွားတွေဟာ စေတနာကောင်းသူ၊ ရက်ရောစွာ ပေးကမ်းကူညီတတ်သူတွေ ဖြစ်ပါတယ်။

တစ်ခါတရံမှာတော့ ဒေါသကြီးသူ၊ မာနကြီး စိတ်ကြီးဝင်နေသူ၊ အထက်စီးက ဆက်ဆံတတ်သူ အဖြစ်လည်း တွေ့ရတတ်ပါတယ်။ အပိုလိုရဲ့ စရိုက်အတိုင်း တုံ့ပြန်လက်စားချေလိုစိတ် အပြည့်ရှိနေပြီး တစ်ဖက်သား ထိခိုက်ပျက်စီးသွားအောင် လုပ်နိုင်တဲ့ အရည်အချင်းလည်းရှိပါတယ်။ နေရောင်ခြည်ဟာ နွေးထွေးပြီး ရှင်သန်မှုကို ပေးပါတယ်။ ဒါပေမယ့် နေရောင်ခြည် ပျောက်ကွယ်သွားရင် ဒါမှမဟုတ် ပိုလျှံသွားရင်တော့ နာကျင်ပျက်စီးရမှာပါ။ ဒီသဘောတရားအတိုင်း Leo ရာသီဖွားတွေဟာ တစ်ဖက်စွန်းကို မရောက်သွားရအောင် ထိန်းသိမ်းနေထိုင်သွားရမှာပါ။

(၆) Virgo (Aug24-Sep23)

၁၂ ရာသီခွင်ရဲ့ ဆဌမမြောက် ရာသီခွင်ကတော့ Virgo ဖြစ်ပါတယ်။ Virgo ရာသီကို ညွှန်းဆိုပြတဲ့ ဂရိနတ်ဘုရားကတော့ လစန္ဒာနတ်ဒေဝီ အာတမစ် (Artemis) ဖြစ်ပါတယ်။ လေးနဲ့မြားကို ကိုင်ဆွဲရင်း အမဲလိုက်ခြင်းကို ဝါသနာပါတဲ့ နတ်ဒေဝီ အာတမစ်ဟာ အပျိုစင်ဖြစ်ပြီး ယောက်ျားတွေကို တွေ့ချင်စိတ်မရှိပါဘူး။ ဒါကြောင့် သစ်တောထဲမှာသာ နေထိုင်ပြီး ညအခါမှသာ လမ်းလျှောက်လေ့ရှိပါတယ်။ ဒါကြောင့် Virgo ရာသီဖွားတွေဟာ ရှက်ရွံ့တတ်ပြီး ဘာကိုမှ ဂရုမစိုက်သလို နေလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့တစ်ဦးတည်း ရှိနေတဲ့အခါမှာတော့ ကလေးတစ်ယောက်လို ပြုမူနေထိုင်တတ်ကြတဲ့အတွက် သိပ်ကိုချစ်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။

Virgo ရာသီဖွားတွေဟာ ကြင်နာခြင်း၊ ငြိမ်သက်ခြင်း၊ မိခင်စိတ်ရှိခြင်း၊ ဂရုဏာတရားကြီးမားခြင်း၊ ထင်ပေါ်လိုမှုမရှိခြင်းနဲ့ ကြမ်းတမ်းခြင်း စတဲ့ နတ်ဒေဝီ အာတမစ်ရဲ့ စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။ သူတို့ဟာ မိမိအိမ်နဲ့ မိသားစုကို ကာကွယ်ပေးတတ်သလို သစ္စာရှိလွန်းလှတဲ့သူတွေပါ။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို စော်ကားလာရင်လည်း သိပ်ကို၊ဒေါသထွက်တတ်ပါတယ်။

(၇) Libra (Sep24-Oct23)

၁၂ ရာသီခွင်ရဲ့ သတ္တမမြောက် ရာသီခွင်ကတော Libra ဖြစ်ပါတယ်။ Libra ရာသီခွင်ကို ပိုင်ဆိုင်တဲ့ ဂရိနတ်ဘုရားကတော့ လှပခြင်းနတ်ဒေဝီ အက်ဖရိုဒိုက် (Aphrodite) ဖြစ်ပါတယ်။ နတ်ဒေဝီ အက်ဖရိုဒိုက်ဟာ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်ခြင်း၊ လှပခြင်း၊ လိင်မှုဆိုင်ရာကိစ္စတွေကို ပိုင်စိုးပါတယ်။ နှစ်သက်ဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိတာ၊ ကျက်သရေရှိပြီး တင့်တယ်တာ၊ အကြင်နာပိုတတ်တာ၊ ညှို့အားပြင်းတာတွေဟာ Libra ရာသီဖွားတွေရဲ့ စရိုက်လက္ခဏာတွေပါ။ ဒီလို လူအများရဲ့ ချစ်ခင်နှစ်သက်မှုကို ခံရတာကြောင့်ပဲ မိမိနဲ့ ရင်းနှီးသူတွေကြားမှာ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

(၈) Scorpio (Oct24-Nov22)

၁၂ ရာသီခွင်ရဲ့ အဌမမြောက် ရာသီခွင်ကတော့ Scorpio ဖြစ်ပါတယ်။ Scorpio ရာသီခွင်ကို ပိုင်စိုးတဲ့ ဂရိနတ်ဘုရားကတော့ မြေအောက်ကမ္ဘာရဲ့အရှင်သခင် နတ်ဘုရား ဟေးဒီးစ် (Hades) ဖြစ်ပါတယ်။ နတ်ဘုရား ဟေးဒီးစ်ကို ဆိုးသွမ်းလွန်းတဲ့သူ၊ ပဟေဠိဆန်တဲ့သူတစ်ယောက်အဖြစ် သိထားကြပါတယ်။ ဒါကြောင့် နတ်ဘုရား ဟေးဒီးစ် ပိုင်စိုးတဲ့ Scorpio ရာသီဖွားတွေဟာ လျှို့ဝှက်ဆန်းကြယ်ခြင်း၊ ပြင်းထန်တဲ့စွမ်းအင်၊ မက်မောစရာကောင်းခြင်းနဲ့ နားလည်ဖို့ရာ ခက်ခဲခြင်းစတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားပါတယ်။

နားလည်မှုလွဲမှားခြင်း၊ အထင်လွဲခံရခြင်းတို့နဲ့ ကြုံတွေ့ရလေ့ရှိသလို သစ္စာစောင့်သိခြင်းနဲ့ ထုံးတမ်းစဉ်လာများကို ဖောက်ဖျက်ခြင်းမပြုတာဟာလည်း Scorpio ရာသီဖွားတွေရဲ့ စရိုက်လက္ခဏာပါပဲ။ Scorpio ရာသီဖွားတွေဟာ အားကိုးရတယ်၊ ယုံကြည်စိတ်ချရတယ်၊ အရေးတယူနဲ့ ဂရုစိုက်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ချစ်ခင်ကြင်နာတဲ့သူကို ထိခိုက်နာကျင်စေခဲ့မယ်ဆိုရင်တော့ ကြောက်စရာကောင်းလောက်အောင် သနားညှာတာမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက် တုန့်ပြန်တတ်ကြပါတယ်။

(၉) Sagittarius (Nov23-Dec21)

၁၂ ရာသီခွင်ရဲ့ နဝမမြောက် ရာသီခွင်ကတော့ Sagittarius ဖြစ်ပါတယ်။ Sagittarius ရာသီခွင်ကို ပိုင်စိုးတဲ့ ဂရိနတ်ဘုရားကတော့ နတ်ဘုရားတို့ရဲ့ အရှင်သခင် ဇူးစ်နတ်မင်း (Zeus) ဖြစ်ပါတယ်။ ဇူးစ်နတ်ဘုရားဟာ ကောင်းကင်နဲ့ မြေပြင်ကို ပိုင်စိုးပါတယ်။ Sagittarius ရာသီမှာ မွေးဖွားတဲ့သူတွေဟာ ရည်မှန်းချက်ကို မြင့်မားစွာ ထားတတ်သလို အဲဒီရည်မှန်းချက်ကို ရောက်ရှိအောင် လုပ်နိုင်စွမ်း ရှိသူတွေ ဖြစ်ပါတယ်။

Sagittarius ရာသီဖွားတွေရဲ့ ပြုမူနေထိုင်ပုံဟာ တခြားသူတွေအတွက် စံနမူနာထားစရာ ဖြစ်နေတတ်ပြီး စီမံကိန်းချ အလုပ်လုပ်တဲ့နေရာမှာလည်း ကျွမ်းကျင်မှုသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကို ရောက်ဖို့အတွက် ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ကျော်လွှားရယူလေ့ရှိတာကတော့ ထူးခြားတယ်လို့ ဆိုရပါမယ်။

ဇူးစ်နတ်ဘုရားဟာ အချစ်ကြီးသလို အချစ်တွေကိုလည်း ဝေမျှပေးနိုင်သူပါ။ ဒါကြောင့် Sagittarius ရာသီဖွားတွေဟာ ဇူးစ်နတ်ဘုရားလိုပဲ အချစ်တွေဝေမျှမိရင်း ပြဿနာကို လက်ယပ်ခေါ်သလို ဖြစ်တတ်ပါတယ်။ Sagittarius ရာသီဖွားတွေဟာ ဆန္ဒရှိသမျှ အောင်မြင်အောင်လုပ်ကိုင်နိုင်တာကြောင့် မကြာခဏ ရည်မှန်းချက်တွေ တစ်ခုပြီးတစ်ခု ပြောင်းလဲတတ်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် တစ်ခုတည်းသောဆန္ဒကိုသာ အာရုံစိုက်ပြီး အောင်မြင်တဲ့အထိ လုပ်ကိုင်သင့်ပါတယ်။

(၁၀) Capricorn (Dec22-Jan20)

၁၂ ရာသီခွင်ရဲ့ ဒဿမမြောက် ရာသီခွင်ကတော့ Capricorn ဖြစ်ပါတယ်။ Capricorn ရာသီခွင်ကို ပိုင်စိုးတဲ့ ဂရိနတ်ဘုရားကတော့ ပန်းပဲနတ်ဘုရား ဟက်ဖီစတပ် (Hephaestus) ဖြစ်ပါတယ်။ ပန်းပဲနတ်ဘုရား ဟက်ဖီစတပ်ဟာ သံကိုပုံသွင်းတဲ့ ပန်းပဲပညာသာမက ရုပ်တုများပြုလုပ်တဲ့ ကျောက်ဆစ်ပညာနဲ့ လက်ဝတ်ရတနာပြုလုပ်တဲ့ ပန်းတိမ်ပညာကိုပါ တတ်မြောက်သူ ဖြစ်ပါတယ်။

Capricorn ရာသီဖွားတွေဟာ ပင်ကိုယ်တီထွင်ဖန်တီးနိုင်စွမ်း ဗီဇရှိသူများ ဖြစ်ပါတယ်။ သူတို့ဖန်တီးထားတဲ့ လက်ရာပစ္စည်းတွေဟာလည်း လူအများ စိတ်ဝင်စားလောက်အောင် ထူးခြားဆန်းကျယ်ပါတယ်။ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ကိုင်ရတတ်တာကတော့ Capricorn ရာသီဖွားတွေတဲ့ ဘဝပေးကုသိုလ်ကံပါပဲ။

ပန်းပဲနတ်ဘုရား ဟက်ဖီစတပ်ဟာ ရုပ်ဆိုးလွန်းပေမယ့် ဇူးစ်နတ်ဘုရားရဲ့ အမိန့်နဲ့ အလှဆုံးနတ်ဒေဝီ အက်ဖရိုဒိုက်ကို လက်ထပ်ကာ ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။ ဒါကြောင့် ဃစေမငခသမည ရာသီဖွားတွေဟာ လူမစွမ်းနတ်မ ဆိုသလို လှပချောမောတဲ့ အိမ်ထောင်ဖက်နဲ့ တွေ့ရပါလိမ့်မယ်။ အချစ်ရဆုံးသူတွေရဲ့ သစ္စာမဲ့မှုကိုလည်း အကြိမ်ကြိမ် ကြုံတွေ့ရပါလိမ့်မယ်။ နတ်ဘုရား ဟက်ဖီစတပ်ဟာ သူ့ဘဝတစ်လျှောက်လုံးကို ခွင့်လွှတ်ခြင်းတို့နဲ့သာ ဖြတ်သန်းခဲ့သလို Capricorn ရာသီဖွားတွေလည်း သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းကို လက်ကိုင်ထားခဲ့ပါက အခက်အခဲအားလုံးကို ကျော်လွန်ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

(၁၁) Aquarius (Jan21-Feb19)

၁၂ ရာသီခွင်ရဲ့ ဆယ့်တစ်ခုမြောက် ရာသီခွင်ကတော့ Aquarius ဖြစ်ပါတယ်။ Aquarius ရာသီခွင်ကို ပိုင်စိုးတဲ့ ဂရိနတ်ဘုရားကတော့ ဉာဏ်ပညာနတ်ဒေဝီ အက်သီနာ (Athena) ပါ။ နတ်ဒေဝီ အက်သီနာဟာ ဇူစ်းနတ်ဘုရားရဲ့ ဦးခေါင်းမှ မွေးဖွားလာသူ ဖြစ်ပါတယ်။ ဉာဏ်ပညာကို ပိုင်စိုးတဲ့အပြင် စစ်ရေးစစ်ရာ တိုက်ခိုက်မှုပညာမှာလည်း စစ်နတ်ဘုရား အေရီးစ်ကို ယှဉ်ပြိုင်နိုင်တဲ့အထိ အစွမ်းရှိတာကြောင့် လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံတဲ့ နတ်ဒေဝီတစ်ပါး ဖြစ်ပါတယ်။

Aquarius ရာသီဖွားတွေဟာ ဉာဏ်သမားတွေလို့ ဆိုရပါမယ်။ တွေးခေါ် ဆက်စပ် စဉ်းစားတဲ့နေရာမှာ မယုံနိုင်လောက်အောင် ကျွမ်းကျင်ထက်မြက်လှတာက Aquarius ရာသီဖွားတွေရဲ့ စရိုက်လက္ခဏာပါ။ အထက်လူကြီးတွေရဲ့ ချစ်ခင်မှုကို ရရှိသလို အခွင့်အရေးဆိုတာကလည်း သူတို့အတွက် တောင်းဆိုစရာမလိုအောင် အပြည့်ရပြီး ဖြစ်နေတတ်ပါတယ်။ ပြဿနာများကို မကြောက်မရွံ့ ရဲ့ရင့်စွာ ရင်ဆိုင်တတ်သလို မဟာဗျူဟာကျကျ စီမံခန့်ခွဲနိုင်တာကလည်း Aquarius ရာသီဖွားတွေရဲ့ စွမ်းရည်ပါပဲ။ ဉာဏ်သမား ဆိုပေမယ့် ကာယအင်အားမှာလည်း အခြားသူတွေထက်သာလွန်အောင် လုပ်နိုင်တဲ့အတွက် ဘက်စုံထူးချွန်သူတွေ ဖြစ်ပါတယ်။

(၁၂) Pisces (Feb20-Mar20)

၁၂ ရာသီခွင်ရဲ့ ဆယ့်နှစ်ခုမြောက် နောက်ဆုံး ရာသီခွင်ကတော့ Pisces ဖြစ်ပါတယ်။ Pisces ရာသီခွင်ကို ပိုင်စိုးတဲ့ ဂရိနတ်ဘုရားကတော့ သမုဒ္ဒရာ နတ်ဘုရား ပိုဆိုက်ဒင် (Poseidon) ဖြစ်ပါတယ်။ နတ်ဘုရား ပိုဆိုက်ဒင်ဟာ မြေကမ္ဘာပေါ်မှာရှိတဲ့ ရေပြင်အားလုံးကို ပိုင်ဆိုင်ပါတယ်။

နတ်ဘုရား ပိုဆိုက်ဒင်ဟာ ရေထုနဲ့ ရေကြောင်းသွားလာသူတွေကို ကာကွယ်ပေးသလို မုန်တိုင်း၊ ရေလှိုင်းနဲ့ မြေငလျင်တွေ ဖန်တီးပြီး လောကကြီးကိုလည်း နှောက်ယှက်နိုင်ပါတယ်။ ဒါကြောင့် Pisces ရာသီဖွားတွေဟာ ဆတ်ဆတ်ထိမခံ ထိလွယ်ရှလွယ်တဲ့ စိတ်ဓာတ်ရှိသူများ ဖြစ်ပါတယ်။ သူတို့ ဒေါသထွက်လာရင် မုန်တိုင်းကျသလိုမျိုး အရာရာကို ဖျက်ဆီးပစ်တတ်ကြပါတယ်။

အရာရာကို ကြိုတင်ခန့်မှန်းနိုင်သလို လူစုလူဝေးကို အလွယ်တကူ ထိန်းသိမ်းအုပ်ချုပ်နိုင်တာကလည်း သူတို့ရဲ့ထူးခြားတဲ့စွမ်းရည်ပါ။ Pisces ရာသီဖွားတွေဟာ တစ်ခါတရံမှာတော့ လောကကြီးနဲ့ ဝေးရာမှာ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တဲ့စိတ် ဖြစ်ပေါ်နေတတ်ပါတယ်။

စိုးကျော်သူ (Physics)

Ref: www.oroscopespot.net, www.greeklegendsandmyths.com, www.solunars.com, www.elitedaily.com

2 years ago
Chinese Trumpet Vine By 影像视觉杨
Chinese Trumpet Vine By 影像视觉杨
Chinese Trumpet Vine By 影像视觉杨
Chinese Trumpet Vine By 影像视觉杨
Chinese Trumpet Vine By 影像视觉杨
Chinese Trumpet Vine By 影像视觉杨
Chinese Trumpet Vine By 影像视觉杨
Chinese Trumpet Vine By 影像视觉杨

Chinese trumpet vine by 影像视觉杨

2 years ago
Kerria Blossoms By 行走佳人
Kerria Blossoms By 行走佳人
Kerria Blossoms By 行走佳人
Kerria Blossoms By 行走佳人
Kerria Blossoms By 行走佳人
Kerria Blossoms By 行走佳人
Kerria Blossoms By 行走佳人
Kerria Blossoms By 行走佳人
Kerria Blossoms By 行走佳人

Kerria blossoms by 行走佳人

  • sn0wbunn1e
    sn0wbunn1e liked this · 3 months ago
  • tagada9
    tagada9 liked this · 4 months ago
  • glubandeepspace
    glubandeepspace reblogged this · 4 months ago
  • littleconch
    littleconch reblogged this · 4 months ago
  • dspressed
    dspressed liked this · 4 months ago
  • gildedfireplace
    gildedfireplace reblogged this · 4 months ago
  • nightlightloving
    nightlightloving reblogged this · 5 months ago
  • 669pm
    669pm liked this · 6 months ago
  • shokufairy
    shokufairy reblogged this · 6 months ago
  • blushermushroom
    blushermushroom liked this · 6 months ago
  • dercetodebauchery
    dercetodebauchery reblogged this · 6 months ago
  • dercetodebauchery
    dercetodebauchery liked this · 6 months ago
  • duxas
    duxas reblogged this · 6 months ago
  • diyeaux
    diyeaux reblogged this · 7 months ago
  • daylightheaded
    daylightheaded liked this · 7 months ago
  • pearlbnnuy
    pearlbnnuy liked this · 7 months ago
  • umji
    umji liked this · 7 months ago
  • waywarm
    waywarm liked this · 7 months ago
  • diyeaux
    diyeaux liked this · 8 months ago
  • kiwipit
    kiwipit liked this · 8 months ago
  • fallenalienz
    fallenalienz reblogged this · 8 months ago
  • hawthorn-pauper
    hawthorn-pauper liked this · 8 months ago
  • leilajune
    leilajune liked this · 8 months ago
  • tvkaeya
    tvkaeya liked this · 8 months ago
  • kngynghyns
    kngynghyns liked this · 8 months ago
  • ilujonghyun
    ilujonghyun reblogged this · 8 months ago
  • cang-ji
    cang-ji liked this · 8 months ago
  • rosyoptimism
    rosyoptimism liked this · 8 months ago
  • sasukes-manifesto
    sasukes-manifesto reblogged this · 8 months ago
  • sasukes-manifesto
    sasukes-manifesto liked this · 8 months ago
  • rosemaryraine
    rosemaryraine liked this · 8 months ago
  • hiii-nemi
    hiii-nemi liked this · 8 months ago
  • arsvita
    arsvita reblogged this · 8 months ago
  • variousandnefarious
    variousandnefarious reblogged this · 8 months ago
  • lemcns
    lemcns liked this · 8 months ago
  • thedollisdead
    thedollisdead reblogged this · 8 months ago
  • thedollisdead
    thedollisdead liked this · 8 months ago
  • nilous
    nilous reblogged this · 8 months ago
  • youthpt2
    youthpt2 reblogged this · 8 months ago
  • baclavasuiti
    baclavasuiti reblogged this · 8 months ago
  • banana-head-lol
    banana-head-lol liked this · 8 months ago
  • bangcakes
    bangcakes reblogged this · 8 months ago
  • senor-hoberto
    senor-hoberto reblogged this · 8 months ago

183 posts

Explore Tumblr Blog
Search Through Tumblr Tags